Skip to main content

Posts

ဖုန်းထဲက ဖိုင်တွေ ဖွက်မယ်

  ခုပြောမယ့်နည်းက Vault. Audio manager. App lock. Gallery lock တို့လို app တွေမသုံးဘဲ Files တွေ ဖွက်လို့ရမဲ့နည်းပါ။ Photo. Mp3. Mp4 နဲ့ အခြားဖိုင်တွေအကုန် ဖွက်လို့ရပါတယ်။ အဲ့သလို လုပ်ဖို့ မိမိဖုန်းရဲ့ File Manager ကိုတော့ ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့လိုပါတယ်။ ပထမဆုံး မိမိရဲ့ ဖုန်း storage ထဲမှာ Folder အသစ်ဆောက်ရပါမယ်။ ( internal မှာဖြစ်ဖြစ် SD card ထဲမှာဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ နေရာမှာ ဆောက်လို့ရပါတယ် ) Folder name ကို ကိုယ်ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ အနေနဲ့  hide လို့ပေးလိုက်ပါမယ်။ ပေးပြီးရင် ကိုယ်မမြင်စေချင်တဲ့ file တွေအားလုံးကို ခုနက ဆောက်ထားတဲ့ (hide) folder ထဲ ရွေ့လိုက်ပါ။ (ရွေ့တဲ့ နေရာမှာ cut လုပ်ပြီးရွေ့ပါ Copy နဲ့ရွေ့ရင် ဘာမှမထူးပါဘူး ) ရွေ့ပြီးတာနဲ့ file name ကို နာမည်ပြန်ပြောင်းရပါမယ် ကိုယ်ပေးထားတဲ့ file name ရဲ့ရှေ့မှာ (.)full stop လေးထည့်လိုက်ပါ ကျွန်တော်က hide လို့ပေးထားတဲ့ အတွက် .hide ဆိုပြီး ပြင်ရေးရပါမယ် ရေးပြီးတာနဲ့ ပျောက်သွားပါပြီ ပုံတွေ ဖွက်ထားရင် gallery ထဲမှာ ကြည့်လိုက်ပါ မရှိတော့ပါဘူး  ပြန်ရှာဖို့ အတွက်က  file manager 》setting <or> menu》 S...

Power Button ရှာရင်း ငယ်ဘဝကို ဆွဲဖွင့်မိသွားခြင်း

  တစ်ရက်ကပေါ့ သူငယ်ချင်းတစ်ယောက်က သူ့ကွန်ပြူတာလေး သုံးနေရင်းနဲ့ "ဘာမှ နှိပ်မရ ပြုမရနဲ့ ဒီနေရာမှာတင် ရပ်သွားလို့ ကူညီပါအုံး"ဆိုပြီး မက်ဆေ့ဂျာကနေ အကူအညီလာတောင်းတယ်။ ကျွန်တော်ကလည်း ကိုယ့်မျက်စိနဲ့ မြင်နေရတာမဟုတ်တော့ "ဘာဖြစ်တာ ဘာလုပ်ရမှာ" ဆိုပြီး ပြောမပြနိုင်ဘူးလေ။ အဲ့တာနဲ့ပဲ "စက်ကို restart ချကြည့်လိုက်" လို့အလွယ် ပြောလိုက်တယ်။ အဲ့မှာ ပြဿနာက စတာပဲ။ "Touchpad မှ အလုပ် မလုပ်တာ ဘယ်လိုလုပ်ရမလဲ" တဲ့။ (အရင်က pointer နဲ့ ဟိုထောက် ဒီထောက်လုပ်ပြီးပဲ စက်ကို ပိတ်ခဲ့ဖူးတယ်နဲ့တူပါတယ်။ ) "အာ့ဆိုလည်း Power Button ကို 5 sec လောက် ဖိထားလိုက်ပေါ့ " ဆိုမှ ပိုဆိုးသွားတယ်။ "Power Button က ဘယ်နားမှာလဲ" တဲ့။ ကြားလိုက်စဥ်ခဏတော့ ဆွံ့အသွားတယ်။ ဒါလည်းထားလိုက်အုံး။ " မင်း Fingerprint နှိပ်တဲ့ဟာလေကွာ..." ဆိုတော့ "ငါ့စက်မှာ Fingerprint ပါလို့လား"တဲ့။ ဒီတစ်ခါတော့ တိုင်နဲ့ ခေါင်းနဲ့ပါ ပြေးဆောင့်ချင်သွားပြီ။ ကိုယ်ဝယ်ထားတဲ့စက်မှာ Fingerprint ပါလား မပါလားတောင် မသိရှာဘူး။ ဒါပေမယ့်လည်း ပြဿနာရှင်းသွားဖို့ကအဓိကဆိုတော့ Google ကိုပြေး။ သူ့စက်မော်ဒယ်န...
 

ရှင်းပြဖို့ စိတ်ကူးမရှိဘူး

 
 

မန္တလေးသား

ကားပါကင်ကကောင်လေးကို တစ်ခါလောက် မုန့်ဖိုးပေးခဲ့ရင် နောက်ကိုယ်လာတိုင်း ကိုယ့်အတွက် ပါကင်ပူစရာမလိုအောင် ဖန်တီးထားပေးပြီးသား ... စားသောက်ဆိုင်က ဝိတ်တာလေးကို မုန့်ဖိုးပေးလိုက်ရင် လိုလေသေးမရှိအောင် ကိုယ့်ကို ဝန်ဆောင်မှုပေးပြီးသား ... KTV ကကောင်မလေးကို မုန့်ဖိုးပေးလိုက်ရင် ကိုယ်မပြန်မချင်း ကိုယ်စိတ်တိုင်းကျ အဖော်လုပ်ပေးပြီးသား ... မာဆတ်က အနှိပ်သမလေးကို မုန့်ဖိုးပေးလိုက်ရင် တစ်နေကုန်ပင်ပန်းသမျှ ပြေပျောက်အောင် အကြောလျှော့ပေးပြီးသား ... ပလက်ဖောင်းပေါ်က အဖွားကြီးကို ငွေအကြွေအချိ့ ထည့်လိုက်ရင် စိတ်ထဲကပါပါ မပါပါ ကိုယ့်ဘဝလေး သာယာပါစေကြောင်း ဆုတွေ တသီကြီးတောင်ပေးပြီးသား ... ခွေးကလေးတစ်ကောင်ကို အစာကျွေးလိုက်ရင် နောက် ကိုယ့်မြင်တာနဲ့ အပြေးလာကြိုပြီးသား ... ဒါတွေ အကုန်လုံး ကိုယ့်ဆီကလိုချင်လို့ လုပ်ပေးနေတာဆိုပေမယ့် တစ်ချို့အတွက် တစ်ဘဝလုံးရင်းပေးခဲ့ပေမယ့် ကိုယ့်အတွက် ဘာမှ ပြန်မလာတာမျိုးကျ ဘယ်လိုနားလည်ရမလဲ ...

မင်းလုပ်တိုင်း ငါလိုက်လုပ်ရမှာလား

  ကျွန်တော့်မှာရှိတဲ့ အကျွမ်းကျင်ဆုံးစွမ်းရည်တစ်ခုကို ပြပါဆိုရင် "အကောင်းမမြင်တတ်တာ"ပဲ။ ဟုတ်တယ်။ "ဒေဝဒတ်"လို့ခေါ်ချင်ခေါ်....။ ကျွန်တော်ကြည့်ရင် ဘုရားတောင် အပြစ်မလွတ်ဘူး။ လူတစ်ယောက်ကိုတွေ့တာနဲ့ မကောင်းတာက စမြင်တာပဲ။ ဟုတ်ပြီ။ ဒါဆိုရင် " မင်း ကောင်းတယ်၊ မကောင်းဘူး ဆိုတာကို ဘယ်လိုခွဲလဲ " လို့မေးစရာရှိလာတယ်။ ခင်ဗျားမေးရင် ဖြေဖို့ ကျွန်တော်မှာ အဖြေရှိပြီးသားပါ။ ဘယ်ကျမ်း၊ ဘယ်နီတိ ကိုမှ ကိုကားပြီးပြောမှာမဟုတ်ဘူး။ ကျွန်တော့်ကို ကျွန်တော်ပဲကြည့်ပြီးပြောမှာ ... ။ ဘယ်ဟာမကောင်းဘူးလဲ သူငယ်ချင်းတွေ တွေ့ဆုံဖို့ချိန်ထားတယ်ဆိုပါစို့။ ချိန်ထားတဲ့အချိန်မတိုင်ခင် နှစ်နာရီလောက်ကတည်းက ဆုံမှတ်ကိုရောက်အောင်သွားဖို့ပြင်ဆင်တယ်။ စောစောထရမယ်ဆို ထတယ်။ အိမ်ကမထွက်ခင် လုပ်ရမယ့်အရာတွေရှိတယ်ဆိုလည်း အလျင်စလိုလုပ်တယ်။ အိမ်ကထွက်လို့ လမ်းမှာကားပိတ်တယ်ဆိုလည်း လမ်းကြောင်းကို အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ ယောက်ယက်တွေခက်နေပြီ။ ဟွန်းတွေလည်း တရစပ်တီးချင်တီးပလိုက်တယ်။ ကားကြီးတွေ၊ ကားလေးတွေသိပ်စိတ်မဝင်စားဘူး။ ကပ်မောင်းသင့်ရင် ကပ်မောင်းလိုက်တယ်။ အသက်အန္တရာယ်တွေဘာတွေဂရုမစိုက်ဘူး။ ချိန်းထားတဲ့နေရာကို ...